ကျောက်မဲ၌ မဲရုံတွင် တာဝန်ကျမည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချ

ကျောက်မဲနိုဝင်ဘာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရာ၌ ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍မဲရုံများ၌ တာဝန်ထမ်းဆောင်ရမည့် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ မိခင်နှင့်ကလေး ကျန်းမာရေး ဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က  Social Distancing အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင်  ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာနန်းရီလှိုင်ဦးက  Quarantine Center များ၌ ကြိုတင်မဲပေးရာတွင် လိုက်နာရမည့်အချက်များ၊ မဲရုံဝန်ထမ်းများနှင့် လုပ်အားပေးများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲဆန္ဒရှင်များ၏အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ မဲရုံပြင်ဆင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ စသည်တို့ကို အသေးစိတ်ပို့ချပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတက်ရောက်ပြီးသည့် ဝန်ထမ်းများက ကျန်မဲရုံတာဝန်ကျဝန်ထမ်းများကို ထပ်ဆင့် သင်တန်း ပို့ချရမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် မဲရုံ ၉၉ ရုံရှိပြီး မဲရုံတစ်ရုံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှုန်း တာဝန်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာနန်းရီလှိုင်းဦး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)