တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒပြုမဲလက်မှတ်များ ထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးရာတွင် အသုံးပြုရန် မဲရုံသုံး ဆန္ဒပြု မဲလက်မှတ်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ဖွင့်လှစ်ထားသည့် Facility Quarantine Centre များသို့ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Facility Quarantine Centre များတွင် Quarantine ဝင်ရောက်လျက်ရှိသူများအား အသိပညာပေးလက်ကမ်း စာစောင်များကို ယမန်နေ့ နံနက် ၈ နာရီမှစ၍ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ပြင်စလူမြို့၌ မဲရုံအဖွဲ့ဝင်များအား ဆင့်ပွားသင်တန်းပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ​ထက ပြင်စလူ အထက်တန်း ကျောင်းခန်းမတွင် မဲရုံးမှူးနှင့် ဒုတိယမဲရုံမှူးများက ဆင့်ပွားပို့ချခဲ့သည်။

မိုးနဲမြို့နယ်၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့် နားခံကျေးရွာအုပ်စု၊ ပန်အူးကျေးရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးများ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အသက်(၂)လမှ(၁)နှစ် ခွဲအထိ လစဉ်ပုံမှန်ကာကွယ်ဆေး ဆေးထိုး/ဆေးတိုက်ခြင်းကို မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဌာန၌ ယနေ့နံနက်( ၉ )နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များ အားပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်(၈) ၃၀ မိနစ်အချိန်ခန့်က စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လွိုင်ကော်မြို့နယ်အတွင်း ကြိုတင် ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ က ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲပေး နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (Quarantine) ဝင်ရောက်နေသူ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် (Quarantine) ဝင်ရောက်နေသူ မဲဆန္ဒရှင်များမှ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နေ့လယ်က မြို့နယ်အတွင်းရှိ (Quarantine Center) များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်တွင် ဆန္ဒမဲပေးရန်အတွက် မဲလက်မှတ်၊ မဲစာရင်း၊ နှင့်ပစ္စည်းများထုတ်ပေး

၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒနယ် ‌မြေများအတွင်း ဆန္ဒမဲပေးနိုင်‌ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးက မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်အတွင်းရှိ မဲရုံအသီးသီးသို့ မဲရုံလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ထုတ်ပေး

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် အတွက် မဲပုံးများနှင့် မဲရုံသုံး ပစ္စည်းအမျိုးမျိုးကို အောက်တိုဘာ ၂၈ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း၊ ကျန်ရှိသည့် မဲရုံလုပ်ငန်းသုံးပစ္စည်းများ ကို ဆက်လက်ထုတ်ပေး လျက်ရှိကြောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Subscribe to