တောင်ဥက္ကလာပမြို့နယ် သာသနာ့နယ်မြေ အမှတ်(၄)ဝိုင်း ရွှေညောင်ပင်ကျောင်းတိုက်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ကျောင်းတိုက်အား အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)ရပ်ကွက်၊ သာသနာ့နယ်မြေ အမှတ်(၄)ဝိုင်းရှိ ရွှေညောင်ပင် ကျောင်းတိုက်မှ သံဃာ‌တော် တစ်ပါးသည် အနံ့ပျောက်နေသဖြင့် ၃.၁၁.၂၀၂၀ရက်နေ့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ၏စီစဉ်မှုဖြင့် RDT test စစ်ဆေးဆောင်ရွက်ခဲ့ရာ Positive အဖြေထွက်ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်တွင် တာဝန်ကျမဲရုံဝန်ထမ်းများအား ဆင့်ပွားသင်တန်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မိုင်းလုံမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မဲရုံသုံးပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထုတ်ပေး

 ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက်ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲခွဲများထံ သို့မဲရုံသုံးပစ္စည်းများနှင့်ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူ များက ရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတော်ဝင်စန္ဒကူးခန်းမ၌ ထုတ်ပေးလျက်ရှိသည်။

ပျားရည်ဈေးကောင်းရရှိနေခြင်းကြောင့် ပျားရှာဖွေသူများ ဝင်ငွေကောင်းရရှိနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့၊ ငါ့သရောက်မြို့အတွင်းရှိ ပျားရှာဖွေသူများ ပျားရည်ဈေးကောင်းရရှိနေသောကြောင့် မိသားစုဝင်ငွေတွက်ခြေကိုက်လျှက်ရှိကြောင်း ပျားရှာဖွေ၍ ပျားရည်ရောင်းချနေသူများကပြောပြ၍ သိရသည်။

မောက်မယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးပစ္စည်းများပေးအပ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးပစ္စည်းများ ပေးအပ်ခြင်းကို နမ့်ယွန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ခြင်းကို ယမန်နေ့ ည(၇)နာရီအချိန်က နှိုးဆော်ခဲ့သည်။

ကျောက်တလုံးကြီးမြို့အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်မဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများက ယနေ့နံနက် ၈ နာရီ ခန့်က ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးသို့ ကြိုတင် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်အတွင်းရှိ မဲရုံများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်သည် သာယာဝတီ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၁၀နာရီ အချိန်က လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိ သော မဲရုံများအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ဒေါပုံမြို့နယ်အတွင်းရှိ မဲရုံများအားမဲလက်မှတ်များ ထုတ်ပေးနိုင်ရန် မဲလက်မှတ်များ စစ်ဆေးရေတွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များ ဆန္ဒပြုနိုင်ရန်အတွက်မဲလက်မှတ်များကို စစ်ဆေးရေတွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထိန်လင်း နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက စစ်ဆေးရေတွက်ခဲ့ကြောင်းသိရသည်။

အမာမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်း၊ ပိုစတာများ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ အမာမြို့တွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်ကဖြန့်ဝေပေးခဲ့သည်။
Subscribe to