အုတ်ဖိုမြို့နယ်တွင် သက်ဆိုင်ရာမဲရုံများအတွက် မဲလက်မှတ်များထုတ်ပေး

အုတ်ဖို နိုဝင်ဘာ ၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာမဲရုံများအတွက် မဲလက်မှတ်များကို ယနေ့ နံနက် ၉ နာရီအချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မဲလက်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက အုတ်ဖိုမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စု(၆၃)အုပ်စုမှ မဲဆန္ဒနယ်မြေ(၁)ရပ်ကွက်ကျေးရွာ အုပ်စု(၂၉)အုပ်စုတွင် ဆောင်ရွက်ထားရှိသည့် မဲရုံ(၆၂)ရုံအတွက် ထုတ်ပေးခဲ့ပြီး အဆိုပါမဲရုံ(၆၃)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား နေ့တွက်စရိတ်များကိုလည်း ထုတ်ပေးခဲ့သည်။
အလားတူ ကျန်ရှိသည့် မဲဆန္ဒနယ်မြေ(၂)ရှိ ရပ်ကွက်ကျေးရွာအုပ်စု(၃၄)အုပ်စုမှ မဲရုံ(၆၃)ရုံအတွက် မဲလက်မှတ် များနှင့် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအတွက် နေ့တွက်စရိတ်များကို နိုဝင်ဘာ(၆)ရက်နေ့တွင် အပြီး သတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)