ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆွေတင့်လွင်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်ရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆွေတင့်လွင် (ကချင်ပြည်နယ်တာဝန်ခံ)နှင့် အဖွဲ့သည် ဝိုင်းမော်မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ (၄) ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ်အတွင်းရှိ မဲရုံများအား မဲဆန္ဒရှင်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေး နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။