မိုးမောက် နိုဝင်ဘာ ၅
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗန်းမော်ခရိုင်အုပ်ချုပ် ရေးမှူး ဦးထွေးမြင့် ၊ မြို့နယ်ကော်မရှင် အတွင်းရေးမှူး ဒေါ်သိမ့်သိမ့်ထွန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက်(၉)နာရီခန့်က မိုးမောက်မြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင် ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရာတွင် မဲရုံပြင်ဆင်ထားရှိမှု မဲရုံလုပ်ငန်းများဆိုင်ရာ လေ့ကျင့်နေမှုအခြေ အနေများကို ကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေး ဆန္ဒမဲရယူရာတွင် စနစ်တကျဖြစ်စေရေးနှင့် Covid-19 ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် အညီ ဆောင်ရွက်နိုင်ရေးမှာကြားခဲ့ကြောင်း သိရှိရသည်။
မိုးမောက်မြို့နယ်တွင် ဒေါ့ဖုန်းယန်မြို့၊ လွယ်ဂျယ်မြို့များအပါ မဲရုံပေါင်း(၄၅)ရုံပြင်ဆင်ထား ရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၅၀၀၁၃)ဦးရှိကြောင်းနှင့် ပါတီပေါင်း(၈)ပါတီမှ ကိုယ်စားလှယ်လောင်း (၃၁)ဦးနှင့် တိုင်းရင်းသား ကိုယ်စားလှယ်လောင်း(၂၉)ဦးတို့ ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လွန်းနန်းထွေး