ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ရွှေကူမြို့ မြို့မအရှေ့ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

နွားထိုးကြီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်၈နာရီကမြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုရန် ဆန္ဒမဲလက်မှတ်များ ထုတ်ပေး

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးရာတွင် အသုံးပြုရန် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့ မွန်းလွဲ (၁)နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးခွဲ၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်၌ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် ကျန်းမာရေးအထောက်အကူပြု မဲရုံသုံးပစ္စည်များ ထုတ်ပေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးစဉ် မဲရုံတွင်အသုံးပြုမည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်များကို ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များထံသို့ ယနေ့နံနက်(၁၀)နာရီခန့်က ထုတ်ပေးခဲ့ကြောင်းသိရသည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Quarantine ဝင်ရောက်နေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အား ကြိုတင်ဆန္ဒမဲများကောက်ခံ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Quarantine ဝင်ရောက်နေသောကြောင့်

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်လောင်း ၄၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပ တော့မည် ဖြစ်သည်။ တိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်တွင် ပြည်သူ့လွှတ်တော် ၂၆ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၅၂ နေရာ၊ ရခိုင်တိုင်းရင်းသားလွှတ်တော် တစ်နေရာ၊ ကရင်တိုင်းရင်းသား လွှတ်တော် တစ်နေရာအတွက် နိုင်ငံရေးပါတီ ၂၂ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၄၅၁ ဦးက ဝင်အရွေးခံရန် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင် လျှောက်ထားတင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အသက် ၆၀ နှစ် နှင့် အထက်ဘိုးဘွားများ နှင့် မသန်စွမ်းသူများအား အိမ်တိုင် ရာ အရောက်ကြိုတင်ဆန္ဒမဲပေးခြင်းများဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ရာ အသက်(၆၀)နှစ် နှင့် အထက် ဘိုးဘွားများ နှင့် မသန်စွမ်းသူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက် အောက်တိုဘာ (၃၁) ရက်နေ့ မှ နိုဝင်ဘာ( ၅)ရက်နေ့အထိ အိမ်တိုင်ရာအရောက် သွားရောက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ကွမ်းလုံ၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ​ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

ကဝမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအသီးသီးသို့ ဆန္ဒမဲလက်မှတ်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် ဆန္ဒမဲလက်မှတ်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများကို   မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ များသို့  ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး၌ စတင်ထုတ်ပေးခဲ့သည်။

ရှမ်းရွာသစ်မြို့ကွီးလေးကျေးရွာအုပ်စု မဲရုံအမှတ်(၁)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ကြိုတင်မဲ (၁၀၀)ဦး လာရောက်ထည့်ပြီးဖြစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စု မဲရုံအမှတ်(၁) ‌ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့အထိ ကြိုတင်ဆန္ဒမဲပေးလာရောက်ပေးသူ (၁၀၀)ဦးရှိကြောင်း ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Subscribe to