မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေ များအား ယမန်နေ့ညနေပိုင်း တာဝန်ရှိသူများက ကွင်းဆင်း​ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ်၌ အသက် (၆၀) နှစ် အထက်ရှိသူများနှင့် ရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသက်(၆၀)နှစ် အထက် သက်ကြီးဘိုးဘွား များနှင့် မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ချီဖွေမြို့ ရပ်ကွက်ကော်မရှင်ရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ထည့်ရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များအား ကြိုတင် ဆန္ဒမဲများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲများကို ကော်မရှင်ရုံးများတွင် လာရောက်ထည့်ရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များ၏ ကြိုတင် ဆန္ဒမဲများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်များထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ထည့်နိုင်ရန်အတွက် ကွင်းဆင်းကောက်ခံ ဆောင်ရွက်လျက်ရှိသည်။

ချီဖွေမြို့နယ်၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ပစ္စည်းများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မဲရုံးများတွင် ဆောင်ရွက် နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခမ်းတွင် ကျင်းပသည်။

ရွှေကူမြို့နယ်၌ အသက် (၁) နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် အသက်(၁) နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က ရွှေကူမြို့ပေါ် ရပ်ကွက်များ၌ ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများဆောင်ရွက်ခဲ့သည်။

ရိခေါ်ဒါရ်မြို့၌ အသက် (၁) နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဝန်ဆောင်မိခင်များနှင့် အသက် (၁) နှစ်ခွဲအောက် ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ မြို့ပေါ်ရပ်ကွက် နှစ်ခု၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် မဲရုံများဆောက်လုပ် ပြင်ဆင်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ဆောက်လုပ် ပြင်ဆင်နေမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက မြစန္ဒာရပ်ကွက်တွင် မဲရုံအဖြစ်ဆောင်ရွက်မည့် အ.ထ.က(၇)ကျောင်း၊ မြဟေမာရပ်ကွက်တွင် မဲရုံအဖြစ် ဆောင်ရွက်မည့် အ.မ.က(၃)ကျောင်းနှင့် ကွယ်လွယ်ကျေးရွာအုပ်စုတွင် မဲရုံအသစ် ဆောက်လုပ်နေမှုတို့အား တာဝန်ရှိသူများက ကွင်းဆင်း​ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
Subscribe to