ကျောက်တလုံးကြီးမြို့၌ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးနှင့် မဲရုံကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျောက်တလုံးကြီး နိုဝင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရုံးခန်းမ၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် ကျောက်တလုံးကြီးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးစောချမ်းက မဲရုံအလိုက်လုပ်ငန်းဆိုင်ရာများ ကြိုတင်ပြင်ဆင် ထားရှိရန်၊ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကိစ္စရပ်များကြိုဆင်ပြင်ဆင်ထားရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက်ထားရှိရန် ရှင်းလင်းတင်ပြပြီး ကျောက်တလုံးကြီး မြို့နယ်မြေ ရဲစခန်းမှ စခန်းမှူး ဦးအောင်ကျော်ဌေးက ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ မဲရုံ()ရုံစီ၌ အထူးရဲ()ဦး တာဝန်ခွဲဝေချထားကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ယင်းအစည်းအဝေးသို့ ပင်တွန်ကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူး၊ ရပ်ကျေး စာရေး၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များက တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပင်တွန်ကျေးရွာအုပ်စု၊ ထီခွကျေးရွာတွင် မဲရုံပြင်ဆင်ထားရှိမှုအခြေအနေကို ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်

အလားတူနောင်ခဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ စာကြည့်တိုက်ခန်းမတွင် ညနေ   ၂ နာရီခန့်က ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်ကျင်းပခဲ့ကြောင်းနှင့် အစည်းအဝေး အပြီးတွင် မဲရုံပြင်ဆင် ထားရှိမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)