ဥတ္တရသီရိမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ မဲရုံများအား ဆန္ဒမဲလက်မှတ်များနှင့် မဲရုံအလိုက်တာဝန်ထမ်းဆောင်မည့်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ခွဲဝေပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ဥတ္တရသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးတွင် ဆောင်ရွက်ခဲ့သည်။