ဓနုဖြူ နိုဝင်ဘာလ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူများက ရပ်/ကျေးရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့ နံနက် ၈ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ဆန္ဒမဲလက်မှတ်များ၊ မဲရုံအသီးသီးတွင်တာဝန်ထမ်းဆောင်ကြမည့်သူများ အတွက် PPE ဝတ်စုံများ၊ Face Shield များ၊ လက်အိတ်များ၊ လက်သန့်ဆေးရေများ၊ နှာခေါင်းစည်း (Mask) များနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ အစရှိသည့် ကျန်းမာရေးသုံး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများလာရောက် ထုတ်ယူခဲ့ကြကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)