ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မဲရုံသုံးပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထုတ်ပေး

တွံတေး နိုဝင်ဘာ

 ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက်ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲခွဲများထံ သို့မဲရုံသုံးပစ္စည်းများနှင့်ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူ များက ရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့နံနက် နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတော်ဝင်စန္ဒကူးခန်းမ၌ ထုတ်ပေးလျက်ရှိသည်။

ထိုသိုထုတ်ပေးရာတွင် ဆန္ဒမဲလက်မှတ်များ၊ မဲရုံအသီးသီးတွင်တာဝန်ထမ်းဆောင်ကြမည့်သူများ အတွက် PPE  Level 3 ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံးPPE Level 2 ဝတ်စုံများ၊ Face Shield များ၊ လက်အိတ်()မျိုး လက်သန့်ဆေးရေများ၊ နှာခေါင်းစည်း (Mask) များနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ အစရှိသည့် ကျန်းမာရေးသုံး ပစ္စည်းများ၊ မဲရုံသုံးပစွည်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မဲရုံ(၃၈၄)ရုံအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်နှင် တာဝန်ရှိသူများ က ထုတ်ပေးလျက်ရှိရာ ရပ်ကွက်၊ကျေးရွာအုပ်စု(၇၃)အုပ်စုမှလာရောက် ထုတ်ယူ ခဲ့ကြသည်။ တွံတေးမြိုနယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ (၇၃) အုပ်စုတွင် မဲရုံပေါင်း ၃၈၄ ရုံရှိပြီး မဲဆန္ဒရှင်ဦး ရေမှာ(၁၇ ၂၃၅၀)ဦးရှိကြောင်းသိရသည်။

မျိုးလှိုင်(တွံတေး