အမာမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်း၊ ပိုစတာများ ဖြန့်ဝေ

အမာ  နိုဝင်ဘာလ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ အမာမြို့တွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ပြန်/ဆက်ဦးစီး ဌာနတို့ ပူးပေါင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်ကဖြန့်ဝေပေးခဲ့သည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေး မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား၊ မဲဆ္ဒရှင်စာရင်းတွင် သင့်အမည်မပါဝင်ပါကရမည့် ဆောင်ရွက်ရမည့်အချက်များနှင့် မပါဝင်သင့်သည့်သူ ပါဝင်နေပါ ကဆောင်ရွက်ရမည့်အချက်များ အစရှိသည်တို့ကို ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။

အဆိုပါလက်ကမ်းစာစောင်နှင့် ပိုစတာများကို ရပ်ကွက်/ ကျေးရွာများရှိ လူစည်ကားရာနေရာများတွင် ကပ်ပေးခြင်း၊ စည်ပင်သာယာစျေးနှင့် လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နော်လေး(အမာ)