ပန်းတောင်း၌ အွန်လိုင်းမှတစ်ဆင့်အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
ပန်းတောင်း နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကလေးသူငယ်များနှင့် အွန်လိုင်း အသုံးပြုသူများဗဟုသုတရရှိစေရန် ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။