တောင်ဥက္ကလာပမြို့နယ် သာသနာ့နယ်မြေ အမှတ်(၄)ဝိုင်း ရွှေညောင်ပင်ကျောင်းတိုက်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ကျောင်းတိုက်အား အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်

တောင်ဥက္ကလာပ နိုဝင်ဘာ   ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်()ရပ်ကွက်၊ သာသနာ့နယ်မြေ အမှတ်()ဝိုင်းရှိ ရွှေညောင်ပင် ကျောင်းတိုက်မှ သံဃာ‌တော် တစ်ပါးသည် အနံ့ပျောက်နေသဖြင့် .၁၁.၂၀၂၀ရက်နေ့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ၏စီစဉ်မှုဖြင့် RDT test စစ်ဆေးဆောင်ရွက်ခဲ့ရာ Positive အဖြေထွက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျောင်းတိုက်တွင် ကျန်ရှိ‌နေသော သံဃာတော် ၃၁ ပါးနှင့်လူပုဂ္ဂိုလ် ၁၈ ဦး စုစုပေါင်း ၄၉ ဦးအား ယမန်နေ့  နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RDT test ဖြင့်စစ်ဆေးခဲ့ရာ သံဃာတော် ၁၃ ပါးနှင့် လူပုဂ္ဂိုလ် ဦးတို့တွင်ထပ်မံ၍ ပိုးတွေ့ရှိခဲ့ပါသည်။

သို့ဖြစ်ပါ၍ လက်ရှိအချိန်တွင် ကျောင်းတိုက်အား အသွားအလာကန့်သတ်ခြင်း Lock down ပြုလုပ်ထားရှိပြီး မြို့နယ်အတွင်းရှိ အလှူရှင်များအ‌နေဖြင့် သံဃာတော်များ၏  ဆွမ်းကိစ္စ အဆင်ပြေစေရန် လှူဒါန်းလိုပါက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

နေထက်အောင်