ဒေါပုံ နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များ ဆန္ဒပြုနိုင်ရန်အတွက်မဲလက်မှတ်များကို စစ်ဆေးရေတွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထိန်လင်း နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက စစ်ဆေးရေတွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မဲလက်မှတ်များကို နိုဝင်ဘာ(၅)ရက်နေ့တွင် သက်ဆိုင်ရာမဲရုံးများသို့ထုတ်ပေးနိုင်ရန်အတွက် အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် မဲလက်မှတ်များအား ခွဲဝေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၇၀၆၇၂) ဦးရှိပြီး၊ မဲရုံပေါင်း (၆၃)ရုံဖြင့်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သဲစုစုလွင် (ပြန်/ဆက်)