ညောင်ဦး၊ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့၊ ငါ့သရောက်မြို့အတွင်းရှိ ပျားရှာဖွေသူများ ပျားရည်ဈေးကောင်းရရှိနေသောကြောင့် မိသားစုဝင်ငွေတွက်ခြေကိုက်လျှက်ရှိကြောင်းပျားရှာဖွေ၍ ပျားရည်ရောင်းချနေသူများကပြောပြ ၍သိရသည်။
ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဂွေကုန်းကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကန်ပေါက်ကျေးရွာ၊ ခွေးတောက်ပင်ကျေးရွာ၊ တောင်နောက်ကျေးရွာ၊ ညောင်ဦမြို့နယ် သူကောင်းတည်ကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ အောက်ညဉ့်ကျေးရွာ၊ ပုလင်းအနောက်ကျေးရွာ၊ ပုလင်းအရှေ့ကျေးရွာ၊တောင်ဖက်တန်းကျေးရွာနှင့်ငါ့သရောက်မြို့ အောင်သာကျေးရွာ၊ ကန်သာယာကျေးရွာ၊ ဆင်သားမွေကျေးရွာတို့သည် တစ်နှစ်ပတ်လုံး ပျားအုံရှာဖွေကာ ပျာရည်ထုတ်ယူရောင်းချခြင်းများဖြင့် မိသားစုစားဝတ်နေရေး ဖြေရှင်းပြေလည်နေကြကြောင်း ပျားရှာဖွေလုပ်ကိုင်နေသည့် ဦးမောင်မြင့်ကရှင်းပြသည်။ပျားရှာ ဖွေသူများသည် ပျားနားဋောင်း၊ ပျားကြီးအုံ၊ ပစ်သုန်းပျား၊ ပရင်း(ယင်း)ပျားအုံများရှာဖွေ ကာရောင်းချနေကြောင်း၊ ပျားနားဋောင်းအုံသည် အငယ်စားပျားအုံအမျိုးအစားဖြစ်ကာ ၊ ပစ်သုန်းပျားသည် အခေါင်းရှိသောသစ်ပင်များတွင်အသိုက်အအုံဖွဲ့နေကြပြီး၊ ပရင်း(ယင်း) ပျားသည် သစ်ပင်အခေါင်းကျယ်နှင့်မြေတွင်းကျယ်များအတွင်း အုံဖွဲ့နေကြကြောင်းသိရသည်။ ပျားနားဋောင်းအုံသည် ပျားရည်အနည်းငယ်သာပါရှိပြီး ပျားကြီးအုံတစ်အုံရလျှင် ပျားရည် ၂၅ ကျပ်သားမှ ၅၀ ကျပ်သားထိပါရှိကြောင်းသိရသည်။
ပရင်း(ယင်း)ပျားအုံတွေ့လျှင် ပျားလုပ်သားတို့ပျော်ကြပြီး ပျားသလပ်(က်)အနည်းဆုံး ငါးချပ်မှ ပျားသလပ် (က်) ၁၅ချပ်ထိပါရှိကြောင်း၊ အထပ်လိုက်အုံဖွဲ့နေသောပျားမျိုး ဖြစ်သည့်အတွက် ပျားရည်အလွန်ကြည်လင်ကာ ပရင်း(ယင်း)ပျားရည်ရလျှင် ပျားရှာဖွေသူတို့ပျော်ကြကြောင်း၊ ပျားရည်တစ်ပိဿာမှ ငါးပိဿာထိပါရှိတတ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဂွေကုန်းကျေးရွာ ပျားရှာဖွေသူ ဦးမောင်ဇော်ကရှင်းပြသည်။ ပျားအုံမှရရှိသည့်ပျားရည်နှင့်အတူ ပျားချီးသည်လည်ဆေးဖက်ဝင်ကာ အမျိုးသမီးများသွေးဆုံးနာဖြစ်လျှင် ပျားချီးစားပေးခြင်းဖြင့် ဆေးဖြစ်သုံးပြုစားပေးသုံးပြုကြကြောင်း၊ ပျားရည်တစ်ပိဿာ ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ် ရောင်းချနေရကာ တစ်ရက်လျှင် ပျားရှာဖွေသူများ တစ်ပိဿာမှ လေးပိဿာထိ ရှာဖွေရောင်းချရခြင်းကြောင့် ပျားအုံရှာဖွေပျားရည်ရောင်းချသူများ မိသားစုစီးပွားရေးဝင်ငွေကောင်းနေကြောင်း သိရသည်။
ကိုထိန်၊KPD