မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်တွင် တာဝန်ကျမဲရုံဝန်ထမ်းများအား ဆင့်ပွားသင်တန်းဆောင်ရွက်

မိုင်းလုံ နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က  မိုင်းလုံမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင့်ပွားသင်တန်းတွင် နမ့်ပိန်ရပ်ကွက် မဲရုံမှူး ဒေါ်ညွန့်ညွန့်လှိုင်မှ  သင်တန်းသား သင်တန်းသူများကို မဲရုံဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများ၊ မဲရုံသုံးပစ္စည်းများ အကြောင်း၊ မဲပေးရန်ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်၊ မဲရုံလုပ်ငန်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ စသည်တို့ကို အသေးစိတ် ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။

နမ့်ပိန်ရပ်ကွက် မဲရုံအမှတ်()တွင် မဲရုံ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြပြီး မဲရုံလုပ်ငန်းဆိုင်ရာ ဆင့်ပွား သင်တန်းကို ပို့ချပေးလျက် ရှိကြောင်း သိရသည်။

မိုင်းလုံမြို့၌ မဲရုံပေါင်း (၂၀)ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ (၁၃၇၂၉)ဦး ရှိကြောင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ဇော်ဇော် (ပြန်/ဆက်)