မြစ်သားမြို့နယ်တွင် ရွေးကောက်ပွဲကာလ၌ အသုံးပြုခဲ့သောမဲရုံသုံးပစ္စည်းများ စနစ်တကျ လာရောက်အပ်နှံ

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးခဲ့၍ မဲရုံများတွင် အသုံးပြုခဲ့သော မဲပုံးနှင့်ဆက်စပ် ပစ္စည်းများကို ယနေ့တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံသို့ လာရောက်အပ်နှံ လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မှိုစိုက်ပျိုးတောင်သူများ တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်အတွင်းရှိ မှိုစိုက်တောင်သူများ ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ်အရ မှိုစိုက်တောင်သူများနှင့် ​ယ​မန်နေ့ နေ့လယ် ၁နာရီ အချိန်၌ တွံတေးမြို့နယ် မှိုစိုက်ပျိုးထုတ်လုပ်နိုင်​ရေး ဖွံဖြိုးတိုးတက်နိုင်​စေရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက် (၁၀) နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့၌ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း (Mask)မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယနေ့နံနက် (၉:၃၀)အချိန်ခန့် က ကျိုင်းတောင်းမြို့အတွင်းရှိ လမ်းဆုံနေရာများ၊ ကားလမ်းမများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အောက်ဆီဂျင် ဝယ်ယူရန် အလှူငွေကျပ်(၅)သိန်းလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အောက်ဆီဂျင်ဝယ်ယူရန် အလှူငွေကျပ်(၅)သိန်းကို ယမန် နေ့ နံနက် ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေး နေ့အလိုက်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရွာငံမြို့နယ် ရေဦးဈေးတွင် Mask Campaign နှင့် အသိပညာပေးစာစောင်များဖြန့်ဝေ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ရေဦးဈေးတွင် ဈေးရောင်းဈေးဝယ်များနှင့် ဈေးလာပြည်သူများအား Mask Campaign နှင့် အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန် က အဆိုပါ ဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်စေရန် မော်တော် ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က နှိုးဆော်ခဲ့ ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ အလွန်ကာလတွင် မြိတ်-ကျွန်းစုရှိ ကျွန်းအပန်းဖြေခရီးသွားလုပ်ငန်း ပိုမို တိုးတက်စေရေးအတွက် ကျွန်းများတွင် အခြေခံ အဆောက်အဦများ ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစုရှိ ကျွန်းများသည် ပင်လယ်ကမ်းခြေများ၏ လှပမှု၊ သဘာဝအတိုင်း တည်ရှိနေသည့် ရေပေါ်ရေအောက် သယံဇာတများ၏ လှပမှုများကြောင့် မြိတ်-ကျွန်းစုသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ကိုဗစ် - ၁၉ ရောဂါ အလွန်ကာလတွင် လာရောက် လည်ပတ်မှု ပိုမိုတိုးတက်စေရန်အတွက် ခရီးသွားဧည့်သည်များ လည်ပတ်မှုများသည့် ကျွန်းများတွင် အခြေခံအဆောက်အဦများ ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
Subscribe to