ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်

ဆီဆိုင်   နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင်  ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့က လူအဝင်အထွက်များသော ဆီဆိုင်မြို့ အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော ပြည်သူများအား လက်ဆေးကန်တွင် လက်ဆေးစေခြင်း၊ လက်ဆေးဆပ်ပြာရည်ဖြင့် စနစ်တကျလက်ကို ဆေးကြောပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးပေးခြင်း၊ ခရီးသွားမှတ်တမ်းများ စနစ်တကျကောက်ယူခြင်း၊  နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                                                                                                               

ခွန်ရဲထွေး(ဆီဆိုင်)