မိုင်းပန်မြို့တွင် Hospital Quarantine ဝင်ရောက်နေသူများနှင့် ကျန်းမာရေးစောင့်ရှောက် ပေးနေသူများအား နှာခေါင်းစည်း Mask နှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ အမှတ်(၁၁) တပ်မတော်ဆေးရုံ (ခုတင် ၂၅) ၌ Hospital Quarantine ဝင်ရောက်နေသူများအား KN 95 နှာခေါင်းစည်း Mask နှင့် စားသောက်ဖွယ်ရာများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများမှ ယနေ့ နံနက်(၁၀)နာရီ အချိန်က သွားရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

တာလေမြို့ အမှတ်(၂) ရပ်ကွက်ရှိ လမ်းသွယ်(၅)အား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့ဖွံ့ဖြိုးရေးအတွက် မြို့အတွင်းရပ်ကွက်လမ်းများအား အများပြည်သူများသွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးအတွက် လမ်းများအား ကွန်ကရစ်လမ်းခင်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။

မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်း တွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသော နေရပ်ပြန် ကျား (၂၇) ဦးနှင့် မ(၂၉)ဦး စုစုပေါင်း(၅၆)ဦး ရောက်ရှိ လာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျား တိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။

ကျိုက်ဒုံမြို့တွင် စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့် ရရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် ယမန်နေ့က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ စည်ပင်ဦးစီးမှူး ဦးသန့်ဇော်၊ ဒုရဲအုပ် ဖြိုးမင်းဟန်တို့ ပူးပေါင်းပြီး ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် မြို့ပေါ် ရပ်ကွက်များတွင် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆိုင်ထိုင်ရောင်းချခွင့်ရရှိရေး ဆောင်ရွက် ထားရှိမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့သည်။

မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၂ နာရီခွဲအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် အမှိုက်များပိတ်ဆို့မှု ကြောင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ပုံပြင်ပြောခြင်း အစီအစဉ်ရိုက်ကူးတင်ဆက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေး စာဖတ်ခန်းတွင် Online မှ တစ်ဆင့် ပုံပြင်ပြောခြင်း အစီအစဉ်ကို ယနေ့နေ့လယ် (၂) နာရီအချိန်က ရိုက်ကူးတင်ဆက်ခဲ့သည်။

လင်းခေးခရိုင်အတွင်း မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်များသို့ ဆွမ်းကွမ်း ထောက်ပံ့ရေး အလှူငွေလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်များသို့ ဆွမ်းကွမ်း ထောက်ပံရေး နဝကမ္မအလှူငွေ‌ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက်ရှိ ဝိဇ္ဇာရိယ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ မိုးနဲမြို့၊ လင်းခေးမြို့၊ မိုင်းပန်မြို့နှင့် မောက်မယ်မြို့နယ်များရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်သံဃာတော်များနှင့် (SHINE HOPE) ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရေး ဆောင်ရွက်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်း သွားလာနေကြသည့် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မဖြစ်မနေနှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာနိုင်ရေး ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က ချင်းရွှေဟော်မြို့၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက လွိုင်ကော်မြို့ မြို့လယ်နာရီစင် ၊ ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေးနှင့် မွန်းလွဲပိုင်းက မိုင်းလုံးမီးပွိုင့်တို့၌ ဆောင်ရွက်ခဲ့သည်။
Subscribe to