အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အောက်ဆီဂျင် ဝယ်ယူရန် အလှူငွေကျပ်(၅)သိန်းလှူဒါန်း

ရန်ကုန်          နိုဝင်ဘာ        ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အောက်ဆီဂျင်ဝယ်ယူရန် အလှူငွေကျပ်(၅)သိန်းကို ယမန် နေ့ နံနက် ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ် များတွင် အသုံး ပြုနိုင်စေရန် (၁၆/၂) သင်္ဃန်းကျွန်းမြို့နယ်၊ စေတနာရှင် ပရဟိတအဖွဲ့မှ တာဝန်ရှိသူများက အလှူငွေကျပ်(၅)သိန်းကို လှူဒါန်းရာ အင်းစိန် အထွေထွေ ရောဂါကုဆေးရုံကြီးမှ တာဝန် ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)