ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျား (သံသယ) ရောဂါကြောင့် ဝက်ကောင်ရေ (၄၃) ကောင်ခန့် သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြောင့် နိုဝင်ဘာ (၄) ရက်မှ (၂၀) ရက်အတွင်း ဝက်ကောင်ရေ (၄၃) ကောင်ခန့် သေဆုံးလျက်ရှိကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။