မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးမြို့ တောင်ငူလမ်း၊ ရန်ကုန်+မန္တလေး ကားလမ်းမဘေးရှိ ပဲခူးတိုင်းဒေသကြီး မွေး‌မြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦးသစ်ဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာ ၂၄ရက် နံနက် ၈နာရီက ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ကြသည်။

မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ​ပေးမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign လုပ်ငန်းကို ယနေ့နံနက် ၇ နာရီအချိန်က မတူပီမြို့စည်ပင်စျေးနှင့် စန်ဘောင်လမ်းဆုံတို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလ အလွန် ရန်ကုန်မြို့နှင့် အနီးဆုံး အပန်းဖြေလည်ပတ်နိုင်သော ဒလမြို့နှင့် တွံတေးမြို့တို့ရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းနှင့် ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကမ်းခြေ (သတင်းဆောင်းပါး)

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ကိုလိုနီခေတ် အဆောက်အဦများ၊ မြို့ပြ အမွေအနှစ် များစွာတည်ရှိခြင်းကြောင့် ပြည်ပခရီးသွား ဧည့်သည်များနှင့် ပြည်တွင်း ခရီးသွား လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက် လျက်ရှိသလို တိုင်းဒေသကြီးအတွင်းမှာရှိသော မြို့နယ်များရဲ့ ပြည်တွင်းပြည်ပ ခရီးသွား ခရီးစဉ်သစ်များ ဖော်ဆောင်ခြင်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးအတွက်

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ Case-66020 မှာ (၂)ကြိမ် ဆက်တိုက်ရောဂါပိုး မတွေ့ရှိတော့သဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံမှ ဆင်းခွင့်ပြု

ချင်းပြည်နယ် ဟားခါးမြို့မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ Case-66020 အမျိုးသမီး (အသက်-၆၂ နှစ်)အား ဟားခါးမြို့တိုင်းရင်းဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှု ခံယူနေရာမှ ဓာတ်ခွဲ စစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိ ရတော့သဖြင့် နိုဝင်ဘာလ ၂၃ရက်နေ့ကဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့သို့ တရုတ်နိုင်ငံဘက်မှ နေရပ်ပြန်ပြည်သူ စုစုပေါင်း (၉၀၀)ကျော် ဝင်ရောက်ခဲ့ပြီး နေရပ်ပြန် အမျိုးသားတစ်ဦးထံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည့် နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရမှုရှိ/မရှိ စစ်ဆေးခြင်းကို မူဆယ်မြို့၊ ကျန်းမာရေးဌာနမှ (၂)ရက် တစ်ကြိမ် ရယူဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသားတစ်ဦးထံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိကြောင်း မူဆယ်မြို့၊ လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး ဆပ်မကော်ထံမှ သိရသည်။

မတ္တရာမြို့နယ်၌ မေစပါးမျိုးသစ် စံကွက်ရိတ်သိမ်းပွဲနှင့် သက်ငယ်ဧရာမင်း စပါးမျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် ကွင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ မေစပါးမျိုးသစ် စံကွက် ရိတ်သိမ်းပွဲ နှင့် သက်ငယ်ဧရာမင်းစပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့မနည်းပညာပွားရေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင် ကဗျာဆရာ မဟူရာစောလွင်(ပခုက္ကူ) ရေးသား ထားသည့် ပွင့်လန်းဝေဖြာ ပန်းမာလာ စာအုပ်ပေးအပ်လှူဒါန်း

ရေစကြိုမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင် ကဗျာဆရာ မဟူရာစောလွင်(ပခုက္ကူ) ရေးသားထားသည့် ပွင့်လန်းဝေဖြာ ပန်း မာလာစာအုပ်ကိုပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦဂစီးဌာန၊ ရေစကြိုမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်နှင့် ရေစကြိုမြို့နယ်အတွင်းရှိ စံ ၅ ရပ်ညီ စာကြည့်တိုက်များ၊ စာရေးဆရာများ၊ စာပေဝါသနာရှင်များအတွက် နိုဝင် ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က စာအုပ်စုစုပေါင်း ၂၀၀ အုပ်လှူဒါန်းခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် We Love Yangon (Kungyangon) အဖွဲ့မှ စားသောက်ကုန် ပစ္စည်းများအား အိမ်တိုင်ရာရောက်လိုက်လံလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နေ သောကာလအတွင်း လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် စားသောက်ကုန်ပစ္စည်းများ အား (We Love Yangon) အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် (We Love Kungyangon) အဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အိမ်ထောင်စုများသို့ သွားရောက် လှူဒါန်းခဲ့ ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာများ မီးလင်းပြီ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ မီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာများအနက် ယမန်နေ့က ကျေးရွာလေးရွာအား နိုင်ငံတော် ဓာတ်အားစနစ်မှ မီးလင်းပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်ဂျာ ဦးဝင်းလွင်ထံက သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မုံရွာမြို့ပေါ်ရပ်ကွက်များတွင် ကိုယ့်အားကိုယ်ကိုး ကတ္တရာနှင့် ကွန်ကရစ်လမ်း (၁၈၀) ကျော် ခင်းကျင်း ဆောင်ရွက်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မြို့ပေါ်ရပ်ကွက်များ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ကိုယ့်အားကိုယ်ကိုး ကတ္တရာနှင့် ကွန်ကရစ်လမ်း (၁၈၆)လမ်းကို ခင်းကျင်းနိုင်ရေး ရပ်ကွက်နေပြည်သူများနှင့် ညှိနှိုင်းလုပ်ဆောင် ခင်းကျင်းသွားရန် စီစဉ်လျက် ရှိကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အမှုဆောင် အရာရှိ ဒုတိယ ညွှန်ကြား ရေးမှူး ဦးထွန်းထွန်းထံမှ သိရသည်။
Subscribe to