မြစ်သားမြို့နယ်တွင် ရွေးကောက်ပွဲကာလ၌ အသုံးပြုခဲ့သောမဲရုံသုံးပစ္စည်းများ စနစ်တကျ လာရောက်အပ်နှံ

မြစ်သား နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးခဲ့၍ မဲရုံများတွင် အသုံးပြုခဲ့သော မဲပုံးနှင့်ဆက်စပ် ပစ္စည်းများကို ယနေ့တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံသို့ လာရောက်အပ်နှံ လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အထွေထွေရွေးကောက်ပွဲတွင် ထုတ်ယူအသုံးပြုခဲ့သော မဲပုံး၊ ခြင်းတောင်း၊ ဆန္ဒပြုခန်း၊ ချိတ်ထိုး၊ တံဆိပ်တုံး၊ အမှန်ခြစ်တံဆိပ်တုံး၊ ချိတ်တောင့်၊ မှင်အုံးနှင့် အခြားမဲရုံသုံးပစ္စည်းများ၊ ကျန်းမာရေး သုံး အထောက်အကူပြုပစ္စည်းများနှင့် (PPE) ဝတ်စုံများကို စနစ်တကျ လာရောက်အပ်နှံခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲရုံသုံးပစ္စည်းများကို ပျောက်ဆုံး ပျက်စီးမှု မရှိစေရေးအတွက် စနစ်တကျ လက်ခံရယူလျက်ရှိကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)