နတ်မောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိ ပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄နာရီအချိန်ခန့်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ် မော်တော်ယာဉ်ဖြင့် မြို့ပေါ် (၇)ရပ်ကွက်သို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူရှင်များက ဆေးရုံးသုံးပစ္စည်းများ လာရောက်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူရှင်များက ဆေးရုံသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ချီဖွေပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကဝမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ရွာသစ်ရပ်ကွက်၊ တံတားကြီးရပ်ကွက်နှင့် ကျောင်းကြီးရပ်ကွက်တို့တွင် အသက် ၉ နှစ်မှ ၁၀ နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV)ကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမောင်မောင်ချစ်နှင့်တာဝန်ရှိသူများက အမျိုးသမီးငယ် ၃၀ ဦးအား ပထမအကြိမ် ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် အလယ်ဟန်ဒေါက်-ဘူး-ငလဲကျေးရွာချင်းဆက်လမ်း လမ်းတာချဲ့၍ မြေသားလမ်း ဖောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးလက်ဒေသများရှိ ဒေသခံ ပြည်သူများ ရာသီမရွေးသွားလာရေး လွယ်ကူစေရန်နှင့်

စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပင်စင် လစာများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်စားဝန်ထမ်းများအား ပင်စလစာများ ယမန်နေ့က စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး မြို့ပေါ် ရပ်ကွက် များနှင့်ကျေးရွာများမှ ပင်စင်စား မိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပရဟိတလူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် PPE Level 3 ဝတ်စုံ ၁၀ စုံနှင့် ကာကွယ်ရေးသုံး ပစ္စည်းများ လာရောက်လှုဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ အနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိရာ

မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းခဲ့‌ကြောင်း သိရသည်။

ဝက်များရွှေ့ပြောင်းသယ်ယူရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကူးစက်ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် မပါရှိပါက ရွှေ့ပြောင်းသယ်ယူခွင့် မပြုရန် ဘိုကလေးမြို့နယ်၌ ညွှန်ကြားထား

အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် တစ်ဒေသမှ တစ်ဒေသသို့ ဝက်များရွှေ့ပြောင်းသယ်ယူမည် ဆိုပါက သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကူးစက်ရောဂါ ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်ပါမှသာ ရွှေ့ပြောင်းသယ်ယူခွင့်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ထောက်ခံချက်မပါရှိပါက ရွှေ့ပြောင်းသယ်ဆောင်ခွင့် မပြုနိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူးမှ နိုဝင်ဘာ(၁၈)ရက်နေ့တွင် စတင်၍ ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၏ အကြီးဆုံးဖြစ်ပြီး စတုတ္ထမြောက် ရေလှောင်တမံဖြစ်သည့် နွယ်ချောင်းဆည် ရေလှောင်တမံကို ၂၀၂၀-၂၀၂၁ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၀၀၀)ဖြင့် စတင်တည်ဆောက်သွားမည်

ချင်းပြည်နယ်၏ အကြီးဆုံးဖြစ်ပြီး စတုတ္ထမြောက် ရေလှောင်တမံဖြစ်သည့် နွယ်ချောင်းဆည် ရေလှောင်တမံကို သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေးနှင့် ပတ်ဝန်းကျင် သာယာလှပရေး ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၀၀၀)ဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (ခန့်မှန်း)တွင် စတင်တည်ဆောက်သွားမည်ဟု သိရသည်။
Subscribe to