နောင်ချို နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက် (၁၀) နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက နောင်ချိုမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ထားရှိရမည့်အချက်များ၊ စားသောက်ဆိုင်ဝန်ထမ်းနှင့် စားသုံးသူများလိုက်နာရမည့် အချက်များကို အသိပေးပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ နိုဝင်ဘာလအကုန်တွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းချက်နှင့်ကိုက်ညီသော စားသောက်ဆိုင်များကို ဆိုင်ထိုင်စားခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)