ရွာငံမြို့နယ် ရေဦးဈေးတွင် Mask Campaign နှင့် အသိပညာပေးစာစောင်များဖြန့်ဝေ

ရွာငံ  နိုဝင်ဘာ  ၂၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ရေဦးဈေးတွင် ဈေးရောင်းဈေးဝယ်များနှင့် ဈေးလာပြည်သူများအား Mask Campaign နှင့် အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန် က အဆိုပါ ဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရေဦးကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဈေးတာဝန်ခံ ဦးရန်နိုင်ထွေး၊ ရေဦးကျောက်မြောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးတောနှင့်အဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များသည် ဈေးရောင်း၊ ဈေးဝယ်များနှင့် အများပြည်သူများအား ကိုဗစ်- ၁၉ ကူးစက်ရောဂါဘေးမှ ကင်းဝေးစေရန်နှင့် အပြင်ထွက်လျှင် Mask တပ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ပြည်သူလူထုပူးပေါင်းပါဝင်လာနိုင်စေရန်နှင့် ဈေးသို့လာရောက်ကြသော ဈေးသူ၊ဈေးသားများ၊ ဈေးရောင်းဈေးဝယ်များအား မြို့နယ် ကိုဗစ်-၁၉ ကော်မတီမှ လှူဒါန်းသည့် နှာခေါင်းစည်း (MasK)အခု (၁၀၀၀) အခမဲ့ပေးဝေခဲ့ကြပြီး ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များအတိုင်း နေထိုင်သွားလာရေးနှင့်ဈေးအတွင်းသို့ လာရောက်ပါက နှာခေါင်းစည်း(Mask) တပ်ဆင်အသုံးပြုလာနိုင်ရေးတို့ကို Hand Speaker  များ ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထွန်းထွန်းဝင်း (ရွာငံ)