အရာ​​​တော်မြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝပိုးနှင်​ဆေး ပြုလုပ် နည်း လက်​တွေ့ပြသ​ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်​ပညာပေး ၀န်ထမ်းများသည် ယမန်​နေ့က အရာ​တော်မြို့နယ် အမှတ်(၁) နယ်မြေအတွင်းရှိ တောင်သူ ဒေါ်ဝါအိ၏ နေအိမ်တွင် သဘာ၀ပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်းကို လက်​တွေ့ ပြုလုပ်ပြသခဲ့​ကြောင်း သိရသည်။

လိုင်လင်းပီမြို့တွင် ရေ(၃၀၀)လီတာဆံ့ရေတိုင်ကီ Hand Speaker နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ရေလီတာ (၃၀၀)ဆံ့ရေတိုင်ကီ၊ Hand Speaker နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ကို မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ယနေ့ နံနက်(၁၀)နာရီအချိန်၌ ပြုလုပ်ခဲ့ကြသည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ ကုန်တင်ယာဉ်မောင်းများ ကိုဗစ်-၁၉ ကင်းစင်ကြောင်း စစ်ဆေးပြီးမှသာ မောင်းနှင်ခွင့်ပြုမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှ ကုန်စည်များသည်ယူကူးသန်း နေသည့် ယာဉ်မောင်းများအနေဖြင့် ကိုဗစ်-၁၉ ကင်းစင်ကြောင်း ကျန်းမားရေးစစ်ဆေးချက် လက်မှတ်ပါရှိမှသာလျှင် ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ခရိုင် ကိုဗစ်ကာကွယ်တားဆီးထိန်းချုပ်ရေး ကြီးကြပ်မှုကော်မတီ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

မုဒုံမြို့နယ်တွင် ကျန်းမာရေးလိုက်စားသူများအား လိုက်ပါဆောင်ရွက်နိုင်ရန် အတွက် Physical Fitness Dance ကို Online မှ တစ်ဆင့်တင်ဆက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း stay at home နေထိုင်သော မိဘပြည်သူများအနေဖြင့် ကျန်းမာကြံ့ ခိုင်စေရန်နှင့် ကျန်းမာရေးလိုက်စားသူများ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် Physical Fitness Dance အား Onlineမှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ပက်လက်မြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ(၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှဆင်းခွင့်လက်မှတ်ထုတ်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်အဆောင်ရှေ့တွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု လျော့ပါးစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင်နေထိုင်ရေး ပန်ကြားချက်အား ပြည်သူများသိရှိနိုင်စေရန် လှည့်လည်ဆော်သြ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေး ပန်ကြားချက်အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် လှည့်လည်ဆော်သြခြင်းများကို ယနေ့နံနက် ၇ နာရီအချိန် က မြို့မစျေး၊ ဝက်ဝံယာယီပျံကျစျေုး၊ မြို့ပေါ်ရပ်ကွက်များနှင့် နီးစပ်ရာ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်ပြဘုတ် ဂန့်ဂေါမြို့ ယာယီပျံကျဈေးတွင်ပြသ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့စည်ပင်သာယာရေးအဖွဲ့၏ ယာယီပျံကျဈေးတွင် ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ အသိ ပညာပေး နံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၇)နာရီက ပြသခဲ့သည်။

မိုင်းနောင်မြို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

နွားထိုးကြီးမြို့တွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် Mask And Face Shield Campaign ဆောင်ရွက်

နွားထိုးကြီးမြို့နယ်ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းအဖြစ် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask And Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Subscribe to