နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၄) ဦး ထပ်မံတွေ့ရှိ

နတ်မောက်  နိုဝင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၁၄) ဦး ထပ်မံ  တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

အဆိုပါပိုးတွေ့လူနာများမှာ ပ/ကျားထူးကျေးရွာမှ အမျိုးသား(၁)ဦး ၊အမျိုးသမီး(၁)ဦး ဆုံမကျီးပင် ကျေးရွာမှ  အမျိုးသား(၁)ဦး၊ ကျွန်းဘိုစမ်းကျေးရွာမှ အမျိုးသမီး (၁)ဦး၊ ဖန်ခါးစမ်းကျေးရွာမှ အမျိုးသမီး (၂)ဦး၊ ဆင်သေကန်ကျေးရွာမှ အမျိုးသား(၁)ဦး၊ အမျိုးသမီး (၃)ဦး၊ တောင်ဦး  ဂွေးကုန်း ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ လယ်ပြင်ကန်ကျေးရွာမှ အမျိုးသမီး (၁)ဦး၊ လင်းကတိုးကျေးရွာမှ အမျိုးသမီး (၁) ဦး၊ ကျောင်းကုန်းကျေးရွာမှ အမျိုးသမီး (၁)ဦး  စုစုပေါင်း(၁၄)ဦးတို့ဖြစ်ပြီး   ၂၂-၁၁-၂၀၂၀ ရက်နေ့က ရန်ကုန်    (NHL) သို့ပို့ဆောင်စစ်ဆေးခဲ့ရာ   ၂၄-၁၁-၂၀၂၀ ရက်နေ့တွင်     Covid ရောဂါပိုး Positive  တွေ့ရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့လူနာများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာကြသူများဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ Facility Quarantine Centre များတွင်အသွားအလာကန့်သတ်ထား သူများဖြစ်ကြောင်း နှင့် ဆက်လက်၍ ပိုးတွေ့လူနာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကျန်းမာရေး လမ်းညွှန်ချက် များနှင့်အညီ( Covid Centre-2 )တွင်ထားရှိသွားမည်ဖြစ်ပြီး လက်ရှိ အချိန်၌ လူနာများကျန်းမာရေး ကောင်းမွန်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရပြီး နတ်မောက်မြို့နယ်တွင်   Covid-19  ရောဂါပိုးတွေ့လူနာ ယနေ့ထိ (၁၀၇) ဦးရှိ၍ ဆေးရုံဆင်းခွင့် ရရှိသူ (၈၁) ဦးရှိရာမြို့နယ်ပြည်သူ့ ဆေးရုံကြီးနှင့် (CovidCentre-2) တွင် ထားရှိကြောင်း သိရသည်။ 

(လှဝင်း ) နတ်မောက်