တိုက်ကြီး နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက် မြို့များရှိ လူစည်ကားရာ ဈေးများတွင် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလှုပ်ရှားမှု Mask Campaign ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်သော ကော်မတီဝင်များသည် မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကန့်သတ်သွားနိုင်ရေးအတွက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များကို ပြည်သူများမှ တိကျစွာလိုက်နာနေထိုင်ရေးနှင့် နေအိမ်ပြင်ပသို့ သွားလာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask) တပ်ဆင်ရေးတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် စေရေး ရည်ရွယ်၍ အသိပညာပေးလှုပ်ရှားမှု(Mask Campaign) ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလှုပ်ရှားမှု (Mask Campaign) ဆောင်ရွက်ရာတွင် ပါးစပ်/ နှာခေါင်းစည်း (Mask) (၁၇၅၀) ခု၊ မျက်နှာကာ (Face Shield) (၇၀)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်း စာစောင်(၁၄၀၀)တို့ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)