မိုင်းရယ် နိုဝင်ဘာ ၂၅
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ဆောင်းပဲပုတ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ပြပွဲပြုလုပ်ခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် Network Activities Group (NAG) တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန် က မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ ဆောင်းပဲပုတ် စမ်းသပ်စိုက်ကွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်းပဲပုတ်မျိုး ယှဉ်ပြိုင်စမ်းသပ်ခြင်းပြပွဲကို တက်ရောက်လာသူ ဒေသခံ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင် က “ဆောင်းပဲပုတ် မျိုးနှင့် ပတ်သက်၍ ဒေသမျိုးအပါအဝင် ပဲလေးမျိုးစမ်းသပ်စိုက်ပျိုးထားရှိမှုမှာ ရေဆင်း(၂)မှ စျေးကွက်အကောင်းဆုံးဖြစ်ခြင်း၊ ဒေသမြေစီလွှာနှင့်လဲသင့်တော်ခြင်း၊ ပဲပုတ်စိုက်ခြင်းအားဖြင့် မြေဆီလွှာကောင်းမွန်ပြီး မြေသြဇာလျော့သုံးနိုင်ခြင်း၊ ယခုစမ်းသပ်ကွက်တွင် အပင်ကိုပဲတွေ့ရပြီး အသီးအပွင့်များရလာမှ ဘယ်မျိုးက မိမိဒေသနှင့်ကိုက်ညီပြီး ထွက်နှုန်းတိုးမှုကို သိရှိနိုင်မည် ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။
တောင်သူများအတွက် အကျိုးရှိစေမည့် ဆောင်းပဲပုတ်မျိုး ယှဉ်ပြိုင်စမ်းသပ်ခြင်း ပြပွဲကို မိုင်းရယ်မြို့နယ်အတွင်းရှိ ရွာပေါင်း(၃၀) မှ ဒေသခံတောင်သူ (၄၁)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)