လှိုင်းဘွဲမြို့နယ် မဲကရက်ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်ဆောက်လုပ်ရန်အတွက် အစည်းအဝေးပြုလုပ်


လှိုင်းဘွဲ      နိုဝင်ဘာ ၂၅


ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖေါ် ဆောင်ရွက် နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) ရှမ်းရွာသစ်မြို့နယ်ခွဲ စောလောကျေးရွာအုပ်စု မဲကရက်ကျေးရွာတွင် ထောက်ပံ့ရန်ပုံငွေ(၁၆,၀၀၀,၀၀၀)ကျပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဘက်စုံသုံး ခန်းမဆောင်(အလျား ၅၀ပေ x အနံ ၃၀ပေ x အမြင့် ၁၆ပေ)လုပ်ငန်း အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်း၏ ဒီဇိုင်းအားနားလည်ပြီး စနစ်တကျဆောင်ရွက်တတ်စေရန်၊ စီမံကိန်းလုပ်ငန်းအားကြီး ကြပ်တတ်စေရန်၊ ဝယ်ယူရေးအစီအစဉ်၊ လည်ပတ်ထိန်းသိမ်းရေး အစီအစဉ်၊ ရသုံးမှန်းခြေဇယားများရေးဆွဲ အသုံးပြုတတ်စေရန်နှင့် လူမှုဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် အကာအကွယ်များအား လိုက်နာဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ မဲကရက်ကျေးရွာတွင် နိုဝင်ဘာလ ၂၃ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
နည်းပညာအစည်းအဝေးအား  မဲကရက်ကျေးရွာမှစီမံကိန်းအထောက်အကူပြုကော်မတီဝင်များနှင့် အုပ်ချုပ်ရေးမှူး တို့ တက်ရောက်ခဲ့ကြပြီး လူထုဗဟိုပြုစီမံ ကိန်းမှ လက်ထောက်နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)