မြောင်းမြမြို့ မြို့မစျေး ပြန်လည်ဖွင့်လှစ်ရောင်းချ

မြောင်းမြ  နိုဝင်ဘာ ၂

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့က ယာယီပိတ်သိမ်းထားသည့် မြောင်းမြမြို့အမှတ်()ရပ်ကွက်၊ ဦးဘချိုလမ်းရှိ မြို့မစျေးအား ယမန်နေ့မှစ၍ ဖွင့်လှစ်ရောင်းချ လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့မစျေး ဖွင့်လှစ်ရောင်းချမှုအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှုဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့သဖြင့် စျေးသူ/ စျေးသားများနှင့် စျေးဝယ်သူများမှ သတ်မှတ် စည်းကမ်းများ နှင့်အညီ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)