ဘားအံမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် နေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အမှတ်(၂)ရပ်ကွက်၊မြတ်လေးလမ်းတွင် ယနေ့ နံနက်(၅)နာရီခွဲခန့်က ဒေါ်တင်တင်နွယ်၏ အလျား(၄၀)အနံ(၁၅)ပေခန့်ရှိ (၂)ထပ် သွပ်မိုးပျဉ်ထောင်အိမ်အပေါ်ထပ်ရှိ မိန်းခုံဝါယာကြိုး မီးအပူလွန်ကဲပြီး နေအိမ်မီးလောင်ကျွမ်းခဲ့ရာမှ အိမ်ခေါင်းရင်းရှိ အိမ်တစ်လုံး၊ ခြေရင်းရှိ အိမ်တစ်လုံးကို မီးကူးဆက် လောင်ကျွမ်း ခဲ့ကြောင်းမီးသတ်ဉီးစီးဌာနမှ သိရသည်။