ဆန္ဒန်ဂူ အင်းအတွင်းရှိရေများ သန့်စင်စေရန် Dolomite ပက်ဖျန်း

ဘားအံ ဇန်နဝါရီ ၉

ယခင်နှစ် အောက်တိုဘာလမှစ၍ မိုးရွာသွန်းမှုနည်းပါးခြင်း၊  မြစ်ရေ၊ ချောင်းရေ Level များ ကျဆင်းခြင်းတို့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဆန္ဒန်ဂူ အင်း ပတ်ဝန်းကျင်ဒေသများတွင် စိုက်ပျိုးထားရှိသော မရင်း (နွေစပါး) အောင်ရေ အခက်အခဲဖြစ်ကာ ဂူအတွင်းမှ ရေများကို စပါးခင်းအတွင်းသို့ ရေစုပ်စက်ကြီးများဖြင့် သွယ်ယူ အသုံးပြုခြင်း ကြောင့် ခရီးသွားပြည်သူများ နေ့စဉ်ဝင်ထွက်သွားလာလျက်ရှိသော အထင်ကရနေရာတစ်ခုဖြစ်သည့် ဆန္ဒန်ဂူ  အင်းတွင် ရေများခမ်းခြောက်၍ ငါးအချို့သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ဟောပြောအသိပညာပေး

မန္တလေး ဇန်နဝါရီ ၉

မဟာအောင်မြေမြို့နယ် မီးသတ်တပ်ဖွဲ့မှ ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ် လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများကို ယနေ့နံနက် (၉) နာရီက အမှတ် (၂၄) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မဟာအောင်မြေမြို့နယ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

မူဆယ်မြို့၊ ပြည်သူ့ဆေးရုံအတွက် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့လိုင်းကုမ္ပဏီမှ လူနာယာဉ် တစ်စီးလှူဒါန်း

မူဆယ်      ဇန်နဝါရီ    ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်သူ့ဆေးရုံအတွက် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့လိုင်းကုမ္ပဏီမှ သိန်းပေါင်း(၇၀၀)ကျော်ရှိ လူနာယာဉ်တစ်စီးနှင့် ပစ္စည်းကိရိယာ အစုံလှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ကျင်းပသည်။

မူဆယ်မြို့၊ ပြည်သူ့ဆေးရုံအတွက် ဒုတိယအကြိမ်မြောက် လူနာယာဉ်လှူဒါန်းခြင်းဖြစ်ပြီး လူနာများ၏ အသက်ကယ်လုပ်ငန်းများနှင့် ပြည်သူလူထုများ၏ ကျန်းမာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ကြောင်းသိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် ရှားပါးအထောက်အထားပြပွဲကျင်းပ

ပန်းဘဲတန်း ဇန်နဝါရီ ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ကျင်းပသော ရှားပါးအထောက်အထားများပြပွဲကို ပန်းဘဲတန်းမြို့နယ်၊ အမျိုးသား စာကြည့်တိုက် (ရန်ကုန်) တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြို့နယ်လူငယ်ရေးရာ ကော်မတီအစည်းအဝေး (၁/၂၀၂၀) အောင်လံ၌ ကျင်းပ

အောင်လံ ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ မြို့နယ်လူငယ်ရေးရာ ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Cmmunity Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ ဒု−ဥက္ကဋ္ဌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ မလှိုင်မြို့၌ကျင်းပ

မလှိုင်  ဇန်နဝါရီ ၉

မလှိုင်မြို့နယ်စာပေချစ်သူများအဖွဲ့(Book Club)နှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၃၆)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်၊ ပထမအကြိမ် အဘိဓမ္မာ(ပထမအဆင့်)နှင့် (၃၅)ကြိမ်မြောက် အခြေခံယဉ်ကျေးမှု မြို့နယ်(ပ.ဒု.တ)အောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

အုတ်ဖို        ဇန်နဝါရီ     ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့လယ်ဓမ္မာရုံ သာသနာ့ဗိမာန်တော်အတွင်း၌ (၃၆)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်၊ ပထမအကြိမ် အဘိဓမ္မာ(ပထမအဆင့်)နှင့် (၃၅)ကြိမ်မြောက် အခြေခံယဉ်ကျေးမှု မြို့နယ်(ပ.ဒု.တ)အောင် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပသည်။

တောင်ယမားရေလှောင်တမံရေစိမ့်ဝင်မှုကြောင့် ပြောင်းရွှေ့ကျေးရွာများအား အိမ်ယာမြေကွက်များ ခွဲဝေပေး

မြိုင်      ဇန်နဝါရီ           ၉

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် တောင်ယမားရေလှောင်တမံရေစိမ့်ဝင်မှုကြောင့် ပြောင်းရွှေ့ကျေးရွာများအား အိမ်ယာမြေကွက်ခွဲဝေပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ငါးလင်းစေ့ကျေးရွာပြောင်းရွှေ့နေရာ၌ ပြုလုပ်ခဲ့သည်။

ကျေးရွာဖွံ့ဖြိုးရေး စီမံချက် ရေးဆွဲနည်းသင်တန်း သထုံတွင် ဖွင့်လှစ်

သထုံ  ‌ဇန်နဝါရီ  ၉

မွန်ပြည်နယ်၊ သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သထုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်‌ ဒေါ်မာမာခိုင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သထုံခရိုင် ဦးစီးဌာနမှူး ဦးမိုးဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

Subscribe to