ရန်ကင်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးစတင်ထိုးနှံ
သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန် အတွက် အသက်(၉) နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များကို (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုး လုပ်ငန်းကို ပုံမှန်ကာကွယ် ဆေးထိုး လုပ်ငန်း များတွင် ထည့်သွင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ အသက်(၉) နှစ်မှ (၁၀)နှစ် အတွင်း အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဒီဇင်ဘာလ (၂)ရက်နေ့ မှ စတင်ကာ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။