သရက်ချောင်းမြို့နယ်အတွင်းရှိ ကေျာင်းသား/ကျောင်းသူ (၈၉၈၇)ဦး အား ကျောပိုးအိတ်များလှူဒါန်း
သရက်ချောင်း ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလ တန်းကျောင်းပေါင်း (၉၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၈၉၈၇)ဦးအတွက် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း (China Foundation For Poverty Alleviation Myanmar Office- CFPA) မှ ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။