ကျောက်တံတားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာ​ပေး​ဆွေး​နွေးပွဲကျင်းပ

​​ကျောက်တံတား  နိုဝင်ဘာ  ၂

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊​ ​ကျောက်တံတားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်​ဆေးထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာ ပေး​ဆွေး​နွေးပွဲကို ယမန်နေ့​ ​နေ့လယ် (၂)နာရီ အချိန်က မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအစည်းအ​​ဝေးခန်းမ၌ ကျင်းပခဲ့သည်။​

ဆွေး​နွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ​ဒေါက်တာ စိုးလင်းထူးက သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး ရှင်းလင်းခြင်းနှင့် ပုံမှန်ကာကွယ်​ဆေးထိုးတိုက်မည့် အစီအစဉ်တွင် HPV(အိတ်ချ်ပီဗီ) ကာကွယ်​ဆေးအသစ် စတင်ထည့်သွင်းထိုးနှံမည့် အ​ကြောင်းအားရှင်းလင်း ​ပြောကြားခဲ့ရာ တက်​ရောက်လာသူများမှ သိရှိလိုသည်များ ပြန်လည်​ မေးမြန်းခဲ့ကြ​​ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊မြို့နယ်အုပ်ချုပ်ရေးမှူး ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကာကွယ် ဆေးထိုးနှံပေးမည့် တာဝန်ခံဆရာမများ တက်ရောက်ခဲ့​ ​ကြသည်။

အဆိုပါ HPV ကာကွယ်​ဆေးအသစ်  ထိုးနှံ​ပေးသွားမည့်အစီအစဉ်အား  ဒီဇင်ဘာလ ၂ရက်နေ့မှ စတင်ကာ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) အား အသက်(၉)နှစ်မှ (၁၀)အတွင်း ရှိအမျိုးသမီးများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း​ ​သိရှိရသည်။

​​ရွှေနန်း​မေ