လှိုင်မြို့နယ်၌ တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေ အေးချမ်းလုံခြုံရေးအတွက် ယာဉ်ကြောပိတ်ဆို့ စစ်ဆေးခြင်းများဆောင်ရွက်

လှိုင်     နိုဝင်ဘာ    ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်၌မြို့ နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းဌေးနှင့်အဖွဲ့ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ ပူးပေါင်း၍ ယမန်နေ့ည(၉)နာရီက ယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ယာဉ်စစ်ဆေးရာတွင် လှိုင်မြို့နယ် အတွင်းအမှတ်(၁၅)ရပ်ကွက်ရှိ အုတ်ကျင်းဘူတာရုံလမ်းနှင့် ဘုရင့်နှောင်လမ်းမပွိုင့်၊ ဘုရင့်နောင်လမ်းမနှင့် ပါရမီလမ်းထောင့်ပွိုင့်များတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ကာလတွင် အများပြည်သူများ စိတ်အေးချမ်း စွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများမဖြစ်ပေါ်စေရေးနှင့် အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်နိုင်ရေး တို့အတွက် လှည့်ကင်း များဖြင့် ဆောင်ရွက်ခြင်း၊ လမ်းတလျှောက် ဖြတ်သန်းသွားလာသော ယာဉ်များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်း လမ်း စည်းကမ်းဆိုင်ရာများ သိရှိစေရန် ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းများအား နယ်မြေအေးချမ်းလုံခြုံရေးတို့ အတွက် စစ်ဆေးခဲ့ကြ ကြောင်းသိရသည်။

ယင်းသို့စစ်ဆေးပေးခြင်းအားဖြင့် ယာဉ်အန္တရာယ် မတော်တဆဖြစ်မှုများနှင့် အခြားမလိုလားအပ်သည့် အန္တရာယ်များ၊ ဥပဒေမဲ့ ဆောင်ရွက်မှုများ မဖြစ်ပေါ်စေရန် စုပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကြည်​​ဇေ​သော် (ပြန်/ဆက်)