စေတုတ္တရာမြို့နယ်တွင် ကျွဲ၊ နွား ပေါင်ပုတ်၊ လက်ပုတ် ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

စေတုတ္တရာ    နိုဝင်ဘာ      ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများရှိ တိရစ္ဆာန် များ ကူးစက်ရောဂါကင်းရှင်းစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မွန်ဇော်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်က ဦးဆောင်၍  မွန်ဇော်ကျေးရွာရှိ  ဒေသခံပြည်သူများ၏ ကျွဲ၊ နွား အကောင်ရေ (၁၂၀)ခန့် အား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်အတွင်းရှိတောင်သူများအနေဖြင့် တိရိစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်လိုပါက မြို့နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ် အတွင်း ကျန်ရှိနေသေးသည့် ကျေးရွာများတွင် ဆက်လက် ထိုးနှံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။        

ခင်သန်းလှိုင်(ပြန်/ဆက်)