ကာလိမြို့၊လွိုင်ဆိုင်ကျေးရွာတွင် ပြည်သူ့စကားဝိုင်း ကျင်းပ
ကာလိ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပူးပေါင်း၍ “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ( Public Talk ) ကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ဝမ်ပတ်ကျေးရွာအုပ်စု၊ လွိုင်ဆိုင်ကျေးရွာ (ဘုန်းကြီးကျောင်း) ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။