သဲကုန်း နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၈၇)ဦး၏ Swab နမူနာများအား (၂၈)ကြိမ် မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC များတွင် စောင့်ကြည့်အဖြစ်ထားရှိသည့် ရန်ကုန်မြို့မှပြန်လာသူ (၈၁)ဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသူ(၁)ဦး၊ လာအိုနိုင်ငံမှပြန်လာသူ(၁)ဦး၊ ရခိုင်ပြည်နယ်မှပြန်လာသူ(၁)ဦး၊ ပိုးတွေ့လူနာနှင့်ထိစပ်ခဲ့သူ(၃)ဦး၊ စုစုပေါင်း(၈၇) ဦး တို့အား RDT test kit ဖြင့် စစ်ဆေးကာ ရလဒ်များကို စစ်ဆေးသည့် ညနေပိုင်းတွင် အမြန်ဆုံးထုတ်ပြန်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး Positive ထွက်ရှိသည့် လူနာများအား ပြည်သူ့ဆေးရုံသီးခြားဆောင်သို့ခေါ်ယူ၍ ဆေးကုသမှု ပေးသွားမည် ဖြစ်ကြောင်းနှင့် Negative ထွက်ရှိသောသူများ၏ ရလဒ်များကို သေချာမှုရှိစေရန် ရန်ကုန်သို့ပို့ပြီး RT-PCR နည်းဖြင့် ဒုတိယအကြိမ်ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
နိုင်လင်း (သဲကုန်းပြန်/ဆက်)