ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ်ထားသူများတွင် (၇)ဦး ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

ပွင့်ဖြူ        နိုဝင်ဘာ        ၂၉

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နာရီက မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရသူများတွင် ကျား()ဦး () ဦး စုစုပေါင်း()ဦး ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူ ()ဦးမှာ နိုဝင်ဘာ (၂၀)ရက်နှင့် (၂၂)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် လှိုင်သာယာမြို့နယ် ရွှေပြည်သာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များမှ အလုပ်လုပ်ကိုင်ပြီး မိမိတို့အစီအစဉ်ဖြင့် ကားငှား၍ ပြန်လည်ရောက်ရှိလာပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ စီစဉ်ထားရှိသော မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွား အလာ ကန့်သတ် နေထိုင်ခဲ့ကြောင်း နိုဝင်ဘာ (၂၆)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း Facility Quarantine Centre များမှ အသွားအလာကန့်သတ် စောင့်ကြည့်ရသူ(၄၃)ဦး အား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာရယူ၍ ရန်ကုန်အမျိုးသား ကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ ယမန်နေ့ ညပိုင်းတွင် (၄၁)ဦး၏ ဓာတ်ခွဲစစ်ဆေးချက် အဖြေများရရှိခဲ့ပြီး ယင်းစစ်ဆေးချက်အဖြေများတွင် ကျား()ဦး ()ဦး စုစုပေါင်း ()ဦး ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ပြီး ကျန်သည့် အသွားအလာကန့်သတ် စောင့်ကြည့်ရသူ(၃၄)ဦးတွင် ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံ အုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ()ဦးမှာ ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာမှ အသက်(၅၀)နှစ် အရွယ် အမျိုးသားတစ်ဦး အသက်(၁၈) နှစ်အရွယ် အမျိုးသားတစ်ဦး သရက်အုပ်ကျေးရွာမှ အသက်(၃၉)နှစ်အရွယ် အမျိုးသားတစ်ဦး ဝဲဒေါင့်ကျေးရွာမှ အသက်(၄၂)အရွယ် အမျိုးသားတစ်ဦး သရက်တော ကျေးရွာမှ အသက်(၂၀)နှစ်အရွယ်  အမျိုးသားတစ်ဦး လေးအိမ်ကုန်းကျေးရွာမှ အသက်(၁၉)နှစ်အရွယ် အမျိုးသားတစ်ဦး အသက်(၂၀)နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ ၎င်း ပိုးတွေ့လူနာ()ဦးအား မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတ အဖွဲ့က မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre မှ ပွင့်ဖြူမြို့(..က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေးကုသမှုများ ပြုလုပ်ဆောင်ရွက်ပေးထား ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ (၃၃)ဦးအထိ ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာ    ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ(၂၃)ဦး ရှိပြီဖြစ်ရာ (..က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၁၀)ဦး ကျန်ရှိနေပြီး လက်ရှိတွင် ကျန်းမာရေး ကောင်းမွန် လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)