စစ်ကိုင်းမြို့နယ်တွင် ဂျုံသီးနှံ သီးထပ်စိုက်ပျိုးနိုင်ရန် နည်းပညာများ လိုက်နာဆောင်ရွက်ရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေး

စစ်ကိုင်း နိုဝင်ဘာ ၂၉

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာအတွင်းရှိ ပဲကတိုးကျေးရွာအုပ်၊  တောင်သူ ဦးဇော်မင်း ကွင်းအမှတ် (၈၂၂) ဦးပိုင် အမှတ်(၅၀၇)မှ ဆင်းသုခမိုးစပါး မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းအပြီး ဂျုံသီးနှံ သီးထပ် စိုက်ပျိုးရေး အတွက် နည်းပညာ လိုက်နာဆောင်ရွက်နိုင်ရန် ယမန်နေ့၊ နေ့ပိုင်းက ကွက်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

" ကျွန်တော်တို့ ဌာနအနေနဲ့ မိုးစပါးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုး တောင်သူတွေကို သီးနှံများ အထွက်နှုန်းကောင်းစေရန် သက်ဆိုင်ရာ နည်းပညာများ ဖြန့်ဝေပေးဝေလျှက်ရှိပါတယ် အခုလည်းပဲ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းရိတ်သိမ်းအပြီး နောက်ထပ် ဂျုံသီးနှံ သီးထပ်အဖြစ်စိုက်ပျိုးတဲ့အခါအထွက် နှုန်းကောင်းအောင် မြေစတင်ပြုပြင်ခြင်းကို နည်းပညာဖြန့်ဝေပေးတာပါ အဓိကတော့ ဓာတုပစ္စည်း လျော့ချသုံးစွဲရေးနဲ့ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်စေရန်၊ သဘာဝပိုးပြေးဆေး ပြုလုပ် သုံးစွဲစေရန် ဓာတုဓာတ်ကြွင်းအန္တရာယ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်အောင် နည်းပညာတွေ ဖြန့်ဝေပေးနတာပါ" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဦးက  ပြောပြ၍သိ ရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများစိုက်ပျိုးထားရှိသည့် မိုးသီးနှံ၊ ဆောင်းသီးနှံ များအပေါ် မြေပြုပြင် စိုက်ပျိုးခြင်းမှ အစပြု၍ ရိတ်သိမ်းချိန်အထိ သက်ဆိုင်ရာနည်းပညာများ ထိရောက်စွာလိုက်နာ ဆောင်ရွက်နိုင်ရန် ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးရေး အခက်အခဲများ ရှိပါက နည်းပညာစင်တာများနှင့်ချိတ်ဆက်၍ ဆွေးနွေးမေးမြန်း နိုင်ကြောင်းလည်း သိရသည်။

ဇော်မြင့်နိုင်