ကော့ကရိတ်မြို့ အာရှလမ်းမကြီးနှင့် မြို့အဝင်လမ်းဆုံတွင် မြို့သာယာလှပရေး အထင်ကရအဖြစ် ကြာပန်းဝိုင်းဆောက်လုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အထင်ကရအဖြစ် အာရှလမ်းမကြီးနှင့် မြို့အဝင်လမ်းဆုံရှိ ကြာပန်းဝိုင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ(၂၀၁၉-၂၀၂၀)ဘဏ္ဏာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် မြေနီကုန်းကျေးရွာ အ.ထ.က(ခွဲ)ကျောင်း Facilities Quarantine Centre ရှိ အသွားအလာကန့်သတ်ထားသည့် ဆရာတော်(၁)ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြေနီကုန်းကျေးရွာ အ.ထ.က(ခွဲ)ကျောင်း Facilities Quarantine Centre ရှိ အသွားအလာကန့်သတ်စောင့်ကြည့်သူများအနက် ဆရာတော်(၁)ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဘိုးဘွားရိပ်သာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၇)ဦးတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မင်းရဲကျော်စွာ ရပ်ကွက် ရန်ကုန်-ပြည်လမ်း တွင် ဖွင့်လှစ်ထားသော ဦးမောင်ရုံး နှင့် ဒေါ်ရင် ဘိုးဘွားရိပ်သာတွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ(၁၀)ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ယမန်နေ့တွင် ကျန်ရှိသူများအားဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာများ ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆောမြို့နယ်မှ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦး ဆေးရုံဆင်းခွင့် ရရှိ

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာဖြစ်သည့် ဆောမြို့နယ် ငလယ်ခုံကျေးရွာမှ အသက် ၂၉ နှစ်အရွယ် သီလရှင် ဆရာလေးတစ်ပါးနှင့် လောင်းရှည်ဒေသမှ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။

လေရှီးမြို့၌ အရှေ့နာဂဖွံ့ဖြိုးတိုးတက်ရေး(ENDO)မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း ဝေးလံခေါင်ဖျားပြီး စားဝတ်နေရေး ခက်ခဲသော ကျေးရွာများအား ဆန်အိတ်(၃၀၀)၊ ကုလားပဲ(၁၅)အိတ်နှင့် ခြုံစောင်(၃၀၀) ထည်ကို Eastern Naga Development Organization (ENDO) အဖွဲ့အစည်းက ယမန်နေ့က ရိုးရာယဉ်ကျေးမှုကွင်း၌ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် ကရင်ချောင်ကျေးရွာတွင် ကျေးရွာသန့်ရှင်းသာယာရေး စုပေါင်းအမှိုက်သိမ်း

ကျေးလက်နေပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများလျှော့ချနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကရင်ချောင်ကျေးရွာတွင် မြန်မာ့ဂုဏ်ရည်အမှိုက်ကင်းစင်ရေးအသင်းမှ ဦးဆောင်၍ ယနေ့နံနက် ၇ နာရီမှ စတင်ကာ ကျေးရွာအတွင်းလိုက်လံပြီး စုပေါင်းအမှိုက်သိမ်းခဲ့ကြကြောင်း သိရသည်။

မတ္တရာမြို့ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်းတစ်ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့အဝင်(ဒင်္ဂါးချောင်း) စစ်ဆေးရေး ဂိတ်၌ ကိုဗစ်၁၉ ရောဂါပိုး ပြန့်ပွားမှုမရှိစေရေးအတွက် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို Test Kitဖြင့် ကျန်းမာရေး စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ယာဉ်မောင်းအမျိုးသားတစ်ဦးမှာ ကိုဗစ်၁၉ရောဂါပိုး ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ပြည်သူများအား မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်‌ရေး အတွက် ပြည်သူများအား နေအိမ်အပြင်ထွက်ပါက မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်က မြို့တွင်းလူစည်ကားရာနေရာများ၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ၌ လိုက်လံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ပေါ်ရက်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်း ၁၉ လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် တွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်း ၁၉ လမ်းအား အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဘုန်းတော်ကြီးကျောင်းစာသင်တိုက်များသို့ နှာခေါင်းစည်း(Mask) နှင့် မျက်နှာကာ (Face Shield) များလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်တိုက်ရှိဘုန်းတော်ကြီးကျောင်းများသို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှလှူဒါန်းသော နှာခေါင်းစည်း (Mask) နှင့်မျက်နှာကာ (Face Shield) များကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to