ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် ယာဉ်နောက်လိုက်နှင့် ထိတွေ့ဆက်စပ်သူ များအား စစ်ဆေးရာ ၅ ဦးတွင် ပိုးတွေ့ရှိ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျွန်းချောင်းကြီးကျေးရွာမှ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ယာဉ်နောက်လိုက်နှင့် ထိတွေ့ဆက်စပ်ခဲ့သူ ၁၃ ဦးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ၅ ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း သတင်းမှန်ပြန်ကြားရေး ဆပ်ကော်မတီမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၇၀)ဦး ထပ်တိုးတွေ့ရှိလာပြီး ပိုးတွေ့အတည်ပြုလူနာ(၁၃၇၀)ဦးထိ ရှိလာ

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ ညပိုင်းအချိန် သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၀ ဦး ထပ်တိုးတွေ့ရှိလာပြီး တိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုစာရင်းအရ(၁၃၇၀)ဦးထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးထပ်တွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‌ကျောက်မဲမြို၊ အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း Facility Quarantine Center မှ အသက် ၂၀ အမျိုးသား ၁ ဦးနှင့် အာရုံဦးတည်း Hotelတွင် Hotel Quarantine ဝင်ရောက်‌နေသည့် အသက် ၃၉ နှစ်ရှိ အမျိုးသမီး ၁ ဦးထံမှ ယနေ့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၁) ဦးထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တပင်ကောင်းမြောက်ရွာ တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အသက် (၃၂) နှစ် အမျိုးသမီးတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ပြည်မြို့၌ တောင်သူလယ်သမားသင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ဇီးအုပ်နယ်မြေရှေ့တန်းစခန်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ပြည်ခရိုင်တောင်သူလယ်သမားသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကူမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာများ ထားရှိကုသဆောင်ရွက်နိုင်ရန်အတွက် လယ်ပြင်ကြီးရပ် ဝန်ထမ်းအိမ်ရာ၌ ပြင်ဆင်ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးလျှက်ရှိရာတွင် ကိုဗစ်−၁၉ရောဂါ ပိုးတွေ့ အတည်ပြုလူနာများ ထပ်တိုးတွေ့ရှိနေသည့်အတွက် မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိကုသရန်နေရာ အခက်အခဲရှိ၍ လိုအပ်ပါက အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ နံနက် ၈ နာရီခန့်မှစ၍ ရွှေကူမြို့ လယ်ပြင်ကြီးရပ် ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ပုံပါကျင်မြို့တွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign)ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ၊ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign) ကို ပုံပါကျင်မြို့မဈေးရှေ့တွင် ယနေ့နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန် ကျား(၄၁)ဦးနှင့်မ(၂၅)ဦး စုစုပေါင်း(၆၆)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ကြိုတင်ပြင် ဆင်မှုများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ များရှိ ကျေးလက်နေပြည်သူများ နွေရာသီရေရှားပါးပြတ်လပ်မှု မရှိစေရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်ရည်ရွယ်၍
Subscribe to