ကျွန်းစုမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြု လူနာတစ်ဦးတွေ့ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ Quarantine Centre ၌ အသွားကန့် သတ်ကာ ကျန်းမာရေးစောင့်ကြပ်လျက်ရှိသော အမျိုးသမီးတစ်ဦးအား ယမန်နေ့ နံနက်ပိုင်းက Test Kit ဖြင့် ကျန်းမာရေး စစ်ဆေးခဲ့ရာ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့နယ် အောင်းတောင်ကျေးရွာတွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းတောင်ကျေးရွာတွင် ယမန်နေ့နံနက် ၁၁ နာရီခွဲ အချိန်ခန့် က လူနေအိမ် တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာ၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း (Field Inspection) ကွင်းစစ်ဆေးခြင်း ဆောင်ရွက်

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာတွင်ကိုဗစ်-၁၉စီးပွားရေးကုစားမှု(CERP) အစီအစဉ် ဖြင့်စိုက်ပျိုး ထားသော ကွင်းအမှတ် (၂၁၉) တောင်သူဦးတင်ရှိန်၏ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းအား ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့သည်။

ရေဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရို င်၊ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာမှ ယမန်နေ့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ တစ်ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ရေဖြူမြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ဟင်္သာတမြို့နယ် ဘုရားကုန်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် စီမံကိန်းဝင် ကျေးရွာများ၌ တစ်ပိုင်တစ်နိုင်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မရိုးသောင်ကျေးရွာ အုပ်စု၊ ဘုရားကုန်းကျေးရွာတွင် စီမံကိန်း လုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ် ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေး အရှိန်အဟုန်မြှင့်၍ အောင်မင်္ဂလာအဝေးပြေးဝန်း ယာဉ်ရပ်နားစခန်းတွင် Mask နှင့် မျက်နှာအကာ (Face Shield ) Campaign ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မင်္ဂလာဒုံမြို့နယ်တွင် အောင်မင်္ဂလာအဝေးပြေးဝန်း ယာဉ်ရပ်နားစခန်းအတွင်းရှိ ခရီးသွားပြည်သူများအား ယမန်နေ့ နံနက်က မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး ကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများက Mask နှင့် မျက်နှာအကာ (Face Shield) Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ စားသောက်ဆိုင်များ လက်ဘက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များအား Take Away(ပါဆယ်) စနစ်ဖြင့်သာ ရောင်းချစေခဲ့သော်လည်း ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် နိုဝင်ဘာ ၂၁ရက်နေ့မှစတင်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် ကန့်သတ်​စောင့်ကြည့်သူ ၂၈ ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် Swab နမူနာစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း အ-ထ-က(၂)ကျောင်း၌ ဖွင့်လှစ်ထားသော Community Base Facility Quarantine တွင် ဝင်ရောက်နေသည့် Positive လူနာအနီးကပ်ထိတွေ့သူများနှင့် အနံ့မရရှိသူ(၂၈)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် Swab နမူနာစစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီ ၄၅ မိနစ်အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေင်ရွက်ပေးကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး​​ ဆောင်ရွက်

လှိုင်မြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်အသိပေးကြေညာခဲ့ကြသည်။
Subscribe to