မင်းဘူးခရိုင်တရားရုံး၏ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ
မင်းဘူး ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တရားရုံး၏ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မင်းဘူးမြို့၊ နမ္မဒါရပ်ကွက်၊ ရွှေဝါဝင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင်မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ဦးစိန်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စိုးဉာဏ်က နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။