ကော့သောင်းမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်အထွက်ဂိတ်များ တွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် မြို့အဝင်အထွက် ဂိတ်များတွင် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ နေ့စဉ် မြို့အဝင်အထွက် ဂိတ်များမှ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန်အသိပညာပေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး၊ မြို့တွင်းသို့ ဝင်ရောက်မည့်မော်တော်ယာဉ် များပေါ်ပါ ခရီးသည်နှင့်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား နှာခေါင်းအာခေါင်တို့ဖတ် နမှုနာများအားရယူစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။