၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင် အထည်ဖော်ဆောင်ရွက်ရေး ရှင်းလင်းပွဲ ကျင်းပ

၂၀၂၁ ခုနှစ်တွင် ခရိုင်၊ မြို့နယ်တရားရုံးများတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီခန့်ခွဲမှုအစီအစဉ် ( Case Management Program )အကောင်အထည် ဖော်ဆောင်ရွက်ရေး ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။

ကျောက်တန်းမြို့ မြို့မဈေးနှင့် ကားဂိတ်တို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် Mask တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုအား ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်း ချနိုင်ရေးနှင့် Mask စနစ် တကျ တပ်ဆင်ရောင်းချစေရေး အသိပညာပေးခြင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးရှိ အရောင်းဆိုင်များနှင့် လူစည်ကား ရာနေရာများ တွင် ယနေ့နံနက် ၈ နာရီက တာဝန်ရှိသူများမှ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

တောဆင်ရိုင်းတစ်ကောင်သေဆုံးခြင်းအား မီးရှို့မြေမြှုပ် ဖျက်ဆီးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာ ခန့်မှန်းမြေပုံ အညွှန်း 47p.MM-903601 နေရာ၌ မြို့နယ်သစ်တောဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့တို့က တောဆင်ရိုင်း တစ်ကောင် သေဆုံးခြင်းအား မီးရှို့မြေမြုပ်ဖျက်စီးခဲ့ကြောင်းသိရသည်။

ကော့ကရိတ်မြို့နယ်တွင် နေအိမ်ပြင်ပထွက်သူများ နှာ​ခေါင်းစည်းတပ်ဆင်၍ သွားလာ​ရေးအသိ​ပညာ​ပေး​ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် နေအိမ်ပြင်ပထွက်သူများ နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေး စစ်ဆေးဆောင် ရွက်ခြင်းအသိပညာ​ပေးခြင်း ကို ယနေ့နံနက်ပိုင်းတွင်လူစည်ကားရာ နေရာများဖြစ်သည့် ​​ကော့ကရိတ် မြို့​​ပေါ် လမ်းဆုံလမ်း​ထောင့်​နေရာတို့တွင် အသိပညာ​ပေးစစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ဧက တစ်သောင်းကျော် လျာထားစိုက်ပျိုး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံစိုက်ဧက တစ်သောင်း ကျော် လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီသို့ အလှူရှင်များမှ အလှူငွေများ၊ အထောက် အကူပြု ပစ္စည်းများလှူဒါန်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ကူညီ ထောက်ပံ့ ရေး အဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေးရန်နှင့် လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေးအလှူရှင်များက ယမန်နေ့ နေ့လည်က နေရာ အသီးသီးတွင် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။

သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၄)ဦးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄)ဦးတွေ့ရှိခဲ့ကြောင်း သပိတ်ကျင်းမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
Subscribe to