ကော့သောင်း ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် မြို့အဝင်အထွက် ဂိတ်များတွင် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ နေ့စဉ် မြို့အဝင်အထွက် ဂိတ်များမှ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန်အသိပညာပေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး၊ မြို့တွင်းသို့ ဝင်ရောက်မည့်မော်တော်ယာဉ် များပေါ်ပါ ခရီးသည်နှင့်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား နှာခေါင်းအာခေါင်တို့ဖတ် နမှုနာများအားရယူစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုအပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေး စစ်ဆေးခြင်းအပြင် ခရီးသွားရာ ဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာထောက်ခံချက်ပါရှိမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ခရီးသွားလာခြင်း လျှော့ချရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်း ကမ်းချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကိုဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ကျော်စိုး